ကွန်ပျူတာ နည်းပညာ ..သင်..လဲ ရယူပါ

on Saturday, August 18, 2012

လူ ၁၀၀ မှာ ၉၀% လောက်တော့ သိပြီးသားတွေပါ.. မသိသေးသော ၁၀% ကို ရည်ညွန်းပြီး တင်လိုက်ပါတယ်...

Laptop ကို စက်မပိတ်ပဲနဲ့ Laptop ဖုံးကို ပိတ်ချလိုက်ရင် Log off ဖြစ်သွားတာကို တွေ့ရပါတယ်။။
Log Off မဖြစ်အောင် လုပ်လို့ရတယ် ဆိုတာကို တစ်ချို့က မသိကျပါဘူး...
ဘယ်လို လုပ်ရလည်း ဆိုတော့....

Window XP

window xp မှာဆိုရင် desktop ကို right click ထောက်ပြီး properties ကို ၀င်ပါ...Display Properties box ကျလာရင် Screen Saver ကို သွားပါ..Monitor power မှာ Power ကို click လိုက်ပါ...Power Options box ပေါ်လာရင် Advanced ကိုသွားပါ.. Power buttons မှာ When l close the lid of my portable computer မှာ Stand by ပေးထားကိုတွေ့ရင် Do nothing ကို ပေးလိုက်ပါ.. ဒါဆိုရင် အဆင်ပြေသွားပါပြီ...

Window Vista
ဗင်စတာမှာ ဆိုရင် Desktop ကို right Click ထောက်ပြီး Properties ကို ၀င်လိုက်ပါ.. Screen Saver ကို သွားပါ..Change power settings ကို click လိုက်ပါ..Menu box မှာ Choose what the power buttons do ကို click ကျလာရင်
When I close lid: မှာ Sleep ဆိုတာ တွေ့လိုက်မယ်
နစ်ခုလုံးကို Do nothing ပေးလိုက်ပါ….

ထိုနည်းတူးစွာပဲ control panel က သွားပြီး လုပ်လဲ ရတယ်

ဒါဆိုရင် အားလုံး Ok သွားပါလိုက်...

လူ့အခွင့်အရေး မေးခွန်းနှင့်အဖြေများ

by မင်းမင်း လတ် on Saturday, August 18, 2012 at 7:31pm ·

၁။       လူ့အခွင်းအရေးဆိုသည်မှာ အဘယ်နည်း။

          လူသားတို့သည် မွေးဖွားလာကတည်းက တူညီသောဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့ဖြင့် မွေးဖွားလာ ခဲ့ကြသည်။ လူသားဖြစ်သောကြောင့် တူညီသောဂုဏ်သိက္ခာများရှိကြပြီး ထိုဂုဏ်သိက္ခာရှိရှိ နေနိုင်ရန်အတွက် လိုအပ်သောအရာများသည် လူ့အခွင့်အရေးများပင်ဖြစ်သည်။ လူသားတစ်ယောက် အသက်ရှင်နေထိုင်နိုင်ရေး နှင့် ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအရာများကို လူ့အခွင့်အရေးဟူ၍ ယေဘူယျ အားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

လူသားတို့သည် လူသားဖြစ်နေသော အချက်ကြောင့် ထိုအရာများကို လူတဦးချင်း တယောက်ချင်းတိုင်း ပိုင်ဆိုင်နေသည်။ မည်သူတို့ဖြစ်သာ သက်ဆိုင်သည်၊ မည်သူတို့ကတော့ဖြင့်ခံစားခွင့်မရှိဟူ၍ ခွဲခြား၍မရနိုင်ပေ။ ထိုအချက်များသည် လူသားအားလုံးနှင့် သက်ဆိုင်နေသည်။ ထိုအရာများကို အခြားမည်သူကမှ ယူဆောင် သိမ်းပိုက်၍မရချေ။ နိုင်ငံတော်အစိုးရတစ်ရပ်က ထိုအရာများကို နိုင်ငံသားတစ်ဦးဦးအား ခံစားခွင့်မပေးသည့် တိုင်အောင် လူသားတစ်ဦးဖြစ်သောကြောင့် ထိုအရာများကို ထိုနိုင်ငံသားက ခံစားပိုင်ခွင့်ရှိသည်။

ထိုအယူအဆများကို ယနေ့တွင် လူ့အခွင့်အရေးများဖြစ်သည်ဟူ၍ တွင်တွင်ကျယ်ကျယ် ပြောဆိုနေခြင်း ဖြစ်သည်။ နိုင်ငံတကာနှင့် နိုင်ငံတော်တရားဥပဒေများ ရေးဆွဲရာတွင် ထိုအယူအဆများကို ဆွေးနွေး၍ ထည့်သွင်းရေးဆွဲ ပြဌာန်းလာခဲ့ကြသည်။ တရားဥပဒေအရ အကာအကွယ်ပေးရမည့် အရာများအဖြစ် အသိအမှတ် ပြုလာခဲ့ကြသည်။

၂။       လူ့အခွင့်အရေးအယူအဆများသည် တကမ္ဘာလုံးနှင့် အကြုံးဝင်ပါသလား။

          ယခုအချိန်တွင် လူ့အခွင့်အရေးဟူ၍ မိမိတို့ တွင်တွင်ကျယ်ကျယ် ပြောဆိုနေသော လူသားတို့၏ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုတို့အပေါ် တန်ဖိုးထားသည့်အယူအဆများကို ရှေးယခင်ကတည်းကတည်ရှိ ခဲ့သော ဘာသာရေးအယူအဆများ ၊ ယဉ်ကျေးမှု ထုံးစံများအတွင်းတွင် တွေ့မြင်နိုင်သည်။ လူ့အခွင့်အရေး ဟူသော စကားလုံးကို ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှသာ တွင်တွင်ကျယ်ကျယ်ပြောဆိုသုံးစွဲလာခြင်းဖြစ်သော် လည်း လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အယူအဆသဘောတရားတို့ကို ရှေးနှစ်ပေါင်းများစွာကပင် အသွင် အမျိုးမျိုးဖြင့် လက်ခံကျင့်သုံးလာခဲ့ကြသည်။ ထိုအယူအဆနှင့်ဆင်တူသောအယူအဆများကို လူသားတို့၏ ယဉ်ကျေးမှုပေါင်းစုံ ထု့းတမ်းဓလေ့မျိုးစုံတို့တွင် တွေ့နိုင်သည်။

          ရှေးဟောင်းလူမှုအဖွဲ့အစည်းများအကြားတွင် `` မိမိအပေါ်ဆက်ဆံလိုသည့်ပုံစံအတိုင်း အခြားလူများကို မိမိကစတင်ဆက်ဆံပါ ´´ ဟူသော ထုံးတမ်းစဉ်လာများကို လက်ကိုင်စွဲ ကျင့်သုံးခဲ့ကြသည်။ ဟိန္ဒူ ဝေဒကျမ်းစာများ ၊ ဗုဒ္ဓဘာသာ ဟောကြားချက်များ ၊ ဘာဘီလိုးနီးယမ်းတို့၏ ဟာမူရာဘီ ကိုဓဥပဒေ ကျမ်းများ ၊ ခရစ်ယာန်သမ္မာကျမ်းစာများ ၊ အစ္စလာမ် ကိုရန်ကျမ်းစာများနှင့် ကွန်ဖြူးရှပ် အဆိုအမိန့်များတွင် ပါဝင်သော လူသားတို့ စောင့်ထိမ်းရမည့် ကိုယ်ကျင့်တရားများမှာ ယခုပြောဆိုနေသည့် လူ့အခွင့်အရေး အယူအဆတန်ဖိုးများ၏ အနှစ်သာရပင် ဖြစ်သည်။
 
၃။       ထိုတန်ဖိုးများသည် လက်တွေ့တွင် ဘယ်လိုအခြေအနေမျိုး ရှိနေပါသလဲ။

          လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာများအား အသိအမှတ်မပြုမှုများကို ယနေ့တိုင် ရင်ဆိုင်တွေ့မြင်ရ လျှက်ရှိသော်လည်း လူသားတိုင်းသည် တူညီမှုရှိသည်ဟူသောအယူအဆကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများ စွာကပင် လက်ခံကျင့်သုံးလာခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစုကာလအတွင်းများက ဥရောပတိုက်တွင် `` လူသည် လူသားဖြစ်သောသဘာဝတရားကြောင့် အခွင့်အရေး ပိုင်ဆိုင်ခွင့် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဖြစ်သောကြောင့် ၊ လူမျိုးနှင့် ဘာသာရေးအုပ်စုဝင်ဖြစ်သော အကြောင်း အချက်များ
ကြောင့် မည်သူမှ အခွင့်အရေး ပိုမိုပိုင်ဆိုင်ခွင့်မရှိ ´´ ဟူသော သဘာဝအခွင့်အရေး ( Natural Rights ) အယူအဆပေါ်ထွန်း ခဲ့သည်။ လူသားတိုင်းတန်းတူဖြစ်သည်ဟူသောအယူအဆကို ရှေးနှစ်ပေါင်းများစွာကတည်းက ထိုသဘာဝ အခွင့်အရေးဥပဒေထဲတွင် လက်ခံခဲ့ ပြီးသားဖြစ်သည်။ သို့သော် လစ်လျူရှုမှုများ ၊ အစွဲများနှင့် တန်းတူညီမျှမှုကို လက်မခံသည့် မှားယွင်းသော အယူဝါဒများကြောင့် ခွဲခြား ဖိနှိပ်မှုများသည် ယနေ့တိုင်တည်ရှိနေဆဲဖြစ်သည်။ ထိုအယူဝါဒများကနေ၍ ရှေးယခင်နှင့် ယခုမျက်မှောက်အချိန်ထိ လိင်ကွဲပြားမှု ၊ အသားအရောင်လူမျိုး ၊ မျိုးရိုးနှင့် ဘာသာရေးအယူအဆကွဲပြားမှုကို အခြေခံ သည့် ကျွန်ပြုခြင်းများ ၊ ဖိနှိပ်ခွဲခြားမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးနေလျှက်ရှိသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရ လျှက်ရှိသည်။

Credit : အောင်မျိုးမင်း ( ဒါရိုက်တာ ) ၊ လူ့အခွင့်အရေးပညာပေးဌာန ( မြန်မာနိုင်ငံ )

မေတ္တာရပ်ခံချက်

on Friday, August 3, 2012
ကျနော်တို့ဘလောခ်သည့် အခြေနေအကြောင်းကြောင့် အောက်ပါလင့်သို့ပြောင်းရွှေ့သွားပါကြောင်း လေစာစွာအသိပေးအကြောင်းကြာအပ်ပါသည်..

http://www.tunwai-states.blogspot.com/

ဘလောခ်မှာ MP3 တင်နည်း

on Thursday, August 2, 2012

ပြုလုပ်ပုံနည်းတွေကတော့အများကြီးရှိကြပါတယ်အဲဒီထဲမှအလွယ်ဆုံးနည်းနှစ်နည်းကိုတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းတော်လို့ တတ်လို့ တော့မဟုတ်ပါဘူးကိုယ်သိသလောက်လေးကိုပြန် လည်မျှဝေ တင်လိုက်တာပါစားရေးတာအမွှားပါရင်လဲအဲမှားပြန်ပြီအဟဲဖြည့်ဖတ်ပေးပေါ့နော ဒီပို့ စ်လေးကိုတင် ချင်တာကြာပါပြီလာမေးကြတဲ့ သူငယ်ချင်းတွေရှိလို့ အခုလိုတင်ပြလိုက်တာပါသိပြီး သူတွေရှိသလို မသိသေး တဲ့ သူငယ်ချင်းများအတွက်အောက်ပါပုံလေးအတိုင်းလိုက်လုပ်ကြအောင်ကဲစကြစို့ D

Wi-Fi လွှင့်နည်း အသေး စိတ်

အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေး စိတ် ရေးသားဖော်ပြသွားပါ့မယ်။

Photo Editing Freeware

ဖိုတိုအက်ဒစ်တင်း ဆိုတာနဲ့ လူတိုင်းက ဖိုတိုရှော့ပ်ကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ဖိုတိရှော့ပ်ဟာ အခကြေးငွေပေးပြီး သုံးစွဲရတဲ့ ဆောဖ့်ဝဲလ် ဖြစ်ပါတယ်။ စွမ်းဆောင်မှု အမြင့်မားဆုံး ဆိုတာကိုတော့ မပြော လိုတော့ပါဘူး။ စွမ်းဆောင်ရည် မြင့်မားတာနဲ့ အမျှ စက်ထဲမှာ နေရာယူတာလည်း များပါတယ်။ ဖိုတိုရှော့ပ် သုံးဖို့အ တွက် မန်မိုရီ များများစားစားလည်း လိုအပ်ပါသေးတယ်။

ဘလော့ခ်ဂါ နေဘုန်းလတ်၏ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ....

ဘလော့ခ်ဂါ ဆရာ နေဘုန်းလတ်၏ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲ         Home House of Media တွင် ကျင်းပပြုလုပ်
၂-၈-၂၀၁၂ နေ့ ၂း၀၀ နာရီမှ ၄း၀၀ ထိ၊ ရန်ကုန်၊ ဗိုလ်အောင်ကျော် (အောက်) Home House of Media တွင် ဘလော့ခ်ဂါဆရာ နေဘုန်းလတ်၏ ပထမဦးဆုံးရေးသားထားသော "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" စာအုပ် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်"  စာအုပ်သည် ကိုနေဘုန်းလတ် ဘလော့ခ် မလုပ်ခင်ကတည်းက စတင်ရေးသားခဲ့သော စာအုပ်ဖြစ်ခဲ့သောကြောင့် သူ၏ဘလော့ခ်အမည်ကိုလည်း "ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်" လို့ ပေးခဲ့ကြောင်း ကိုနေဘုန်းလတ်မှ ရှင်းပြပြောဆိုခဲ့ပါသည်။

Social Icons

Social Icons

ထွန်းဝေ၏ စာမျက်နှာများ

About

Search